|
Buddha FM ရဲ့ (၂) နှစ်ပြည့် အစီစဉ် |
|
|
|
|
|
Written by Administrator
|
|
Tuesday, 13 December 2011 16:14 |
|
|
|
Last Updated on Tuesday, 27 December 2011 19:33 |
|
Buddha FM ရဲ့ ၂ ပြည့်အထူးအစီစဉ်ကို ကျင်းပမည် |
|
|
|
|
Written by Administrator
|
|
Monday, 05 December 2011 11:20 |
 ဒီနှစ်မှာတော့ Buddha FM ရဲ့ ၂ နှစ်ပြည့်အထူးအစီစဉ်အနေနဲ့ စင်္ကာနိုင်ငံ တိုးပါးရိုးကျောင်းတိုက်မှာ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ကျင်းပပါမည်။ သံဃာတော်များကို အာရုံဆွမ်းကပ်လှူပြီး လာသမျှ ဧည့်ပရိသတ်များကိုလည်း အကျွေးအမွေများဖြင့် ဧည့်ခံသွားပါမည်။ Buddha FM ဟာ ပြည်ပရောက် မြန်မာနိုင်ငံသားများ တရားတော်များ အလွယ်နာယူနိုင်အောင် ထုတ်လွှင့်လာခဲ့တာဟာ ယခုလာမည် ဒီဇင်ဘာ ၁၉ ရက်နေ့ဆိုယင် ၂ နှစ်တိတိပြည့်ပါတော့မည်။ ၂ နှစ်ဆိုတဲ့အတောအတွင်းမှာ Buddha FM ရဲ့ ခရီးလမ်းဟာ အဆင်ပြေချောမွေ့ခဲ့တာတွေချည်းပဲတော့ မရှိခဲ့ပါဘူး။ ထုတ်လွှင့်သူ ၀ိုင်းတော်သူ၊ ၀ိုင်းတော်သားများဟာ အလုပ်တစ်ဘက် ကျောင်းတစ်ဘက်နှင့် ကုသိုလ်ရေးအတွက် အားကျိုးမာန်တက် ဆောင်ရွက်လာခဲ့ကြပါတယ်။ ယခုဆိုလျှင် တစ်ကမ္ဘာလုံးမှာ ရောက်ရှိနေကြတဲ့ ပြည်ပရောက် မြန်မာတွေချည်းသာ နားဆင်နာယူနေကြတာ မဟုတ်တော့ပဲ၊ ပြည်တွင်းကနေပါ နာယူ နားဆင်လျှက် ရှိနေပါပြီ။ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ တဲ့ အလှူတကာအလှူထဲမှာ တရားအလှူဟာ အမြတ်ဆုံးပါ။ အလုပ်တစ်ဘက် ကျောင်းတစ်ဘက်နဲ့ မအားတဲ့ ကြားကနေ ထုတ်လွှင့်ပေးနေကြတဲ့ ၀ိုင်းတော်သူ ၀ိုင်းတော်သားတွေ နှင့် တရားနားယူသူတွေကို ပြောချင်တာက ဓမ္မော ဟဝေ ရက္ခတိ ဓမ္မ စာရီ "သူတော်ကောင်းတရားကို ပွားများအားထုတ်နေကြတဲ့ ပုဂ္ဂိုလ်တွေကို ထိုသူတော်ကောင်း တရားက ပြန်ပြီး အမြဲစောင့်ရှောက် စောင့်ရှောက်ပါတယ်" လို့ အားပေးစကားပြောလိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
မေတ္တာဖြင့် အရှင်မေတ္တာစာရ
|
|
Last Updated on Tuesday, 27 December 2011 19:34 |
|
|
Buddha FM Donors for 2011 |
|
|
|
|
Written by Administrator
|
|
Wednesday, 23 November 2011 11:00 |
|
Streaming အလှူရှင်များ
1. Ko Zaw Myint Tun (SGD 150)
2. Cherry Aung Myint (SGD 100)
3. Aye Myat Thuzar (SGD 50)
4. Htay Htay Khaing (SGD 50)
5. Ko Thant Zin Tun (SGD 50)
6. Ko Than Naing Htay (SGD 50)
7. Ko Kyaw Moe Oo (SGD 50)
8. Saung Hnin Oo (SGD 100)
Website အလှူရှင်များ စာရင်း (1)www.buddhafm.tv Ko Thant Zin , France (Euro 170)
(2) www.buddhafm.info/download/ Ko Htet Myet , Malaysia
(3) www.buddhafm.net (blog domain) Kelli Bricker , USA
မှတ်ချက်။ ။ Buddha FM မှ သီးသန့်အလှူမခံပါ။ Buddha FM ၀ိုင်းတော်သူ၊ ၀ိုင်းတော်သားများ ကိုယ်ပိုင်ငွေစိုက်ထုပ်ပြီး ထုတ်လွှင့်နေခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ပြင်ပက စေတနာရှင် တစ်ချို့ပါ ၀ိုင်းပြီးကူထည့်ကြတာ တွေ့ရပါတယ်။ အဲ့ဒီအတွက်လည်း ၀မ်းသာပါတယ်။ Buddha FM အနေနဲ့ ဘယ်တော့မှ သီးသန့် အလှူခံမှာ မဟုတ်ပါဘူး။ စေတနာရှင်တွေ အနေနဲ့ ကုသိုလ် ပါဝင်လိုတယ် ဆိုယင်တော့ လက်ခံသွားမှာ ဖြစ်ပါတယ်။ Buddha FM အဖွဲ့အနေနဲ့ ငွေရေးကြေးနဲ့ ပါတ်သက်ပြီး လုံးဝ နာမည် အပျက်ခံမှာ မဟုတ်ပါ။ ဒါကြောင့် အခုလို မှတ်ချက်စကားကို ဖော်ပြရခြင်းဖြစ်ပါတယ်။
Buddha FMရဲ့ လက်ရှိလစဉ်ကုန်ကျငွေ။ ။ုWindows media streaming အတွက် (US dollar 40) www.buddhafm.tv ဟိုးစ်တင်းနဲ့ Icecast Streaming အတွက် (US dollar 17)
ဆက်လက်လုပ်ဆောင်မည် အစီစဉ်များ။ ။ (1)ငွေရေးကြေးရေးပေါ်မူတည်၍ Windows media streaming ကိုလည်း Birate များလည်း မြှင့်တင်သွားဖို့ ရှိပါတယ်။ (2) အနာဂါတ် မှာ Buddha FM ကနေ တိုက်ရိုက် တီဗီ ထုတ်လွှင့်နိုင်အောင် လုပ်ဆောင်သွားဖို့ ရှိပါတယ်။ (3) Buddha FM မှ ကျန်းမာရေးနဲ့ ပညာရေး အတွက် ကူညီထောက်ပံ့နိုင်ဖို့အတွက် Buddha FM ရဲ့ အဖွဲ့ဝင်များနဲ့ အရင်းနီးဆုံး မိတ်ဆွေများဖြင့် Buddha FM Fund ကို လုပ်ဆောင်သွားဖို့ ရှိပါတယ်။
အားလုံးကို ကျေးဇူးတင်လျက်၊ အရှင်မေတ္တာစာရ |
|
Last Updated on Tuesday, 27 December 2011 19:34 |
|
Buddha FM ရဲ့ ၀က်ဆိုက်အသစ်နဲ့ App တချို့ကို မိတ်ဆက်ပါပြီ |
|
|
|
|
Written by Administrator
|
|
Thursday, 13 October 2011 22:09 |
|

Buddha FM App ကို တရားဝင်ကြေညာလိုက်ပါပြီ။ အခုအချိန်ကစပြီး Buddha FM ကို Facebook မှာ တိုက်ရိုက် နားဆင်နိုင်ကြပါပြီ။ Facebook ကို Sign In မလုပ်ပဲ တိုက်ရိုက်လင့်နဲ့လည်း နားဆင်နိုင်သလို Sign In လုပ်ပြီးလဲ နားဆင်နိုင်ပါပြီ။ Buddha FM ဟာ အခုဆိုယင် ၀က်ဆိုက်အသစ်ကိုလည်း လွှင့်တင်လိုက်ပါပြီ။ လိပ်စာကတော့ www.buddhafm.tv ဖြစ်ပါတယ်။ မည်သည့် Software မှ အင်စတောလုပ်စရာမလိုပဲ Buddha FM ကို နားဆင်နိုင်ကြတော့မှာပါ။ လက်ရှိ Buddha FM လိုင်း ၃ လှိုင်း ရှိပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် အသံလွှင့်သူနည်းပါးလာယင် Auto DJ လုပ်ဖို့ တစ်လှိုင်း ၀ယ်ယူထားသလို။ ကျန် ၂ လှိုင်းကို ပုံမှန်အတိုင်း ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။ Buddha FM ဟာ ဆက်လက်ပြီး အိပ်မက်တွေ စိတ်ကူးတွေနဲ့ ပြည့်နေပါတယ်။ အဲ့ဒါတွေကတော့ မကြာမှီ auto song request system ကို အသုံးပြုသွားမှာ ဖြစ်သလို Buddha FM ကို Tricaster ၀ယ်ယူပြီးယင် တိုက်ရိုက်တီဗီ ထုတ်လွှင့်ပေးနိုင်အောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ၂၁ ရာစုရဲ့ အနာဂါတ် နှစ် ၂၀ အတွင်း မှာ မည်သူမှ ရေဒီယိုစက်တွေ၊ တယ်လီဗီးရှင်းစက်တွေ ကို အသုံးပြုကြတော့မှာ မဟုတ်ပါဘူး။ အင်တာနက်ကွန်နက်ရှင်းနဲ့ မိုဘိုင်းဖုန်းတစ်လုံးရှိယင် အရာရာ ဖန်တီးနိုင်တဲ့ ခေတ်ကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် Buddha FM က တဖြည်းဖြည်းနဲ့ ဦးတည်ရာကို အရောက်သွားနေမှာ ဖြစ်ပါတယ်။ Buddha FM ဟာ သီချင်း ရေဒီယိုဆိုက်တွေယှဉ်လိုက်ယင်တော့ စက္ကန့်တွင်း နားဆင်သူဦးရေဟာ ရာဂဏာန်းကို မရောက် ရှိသေးပါဘူး။ ပုထုဇဉ်လူသားပီပီ မကောင်းမှုတွေမှာ ပျော်မွေ့ကြတာကတော့ ဓမ္မတာပါပဲ။ ဒါပေမယ့် အခု ရက်ပိုင်း ပလေယာအသစ်နဲ့ ၀က်ဆိုက်အသစ်ကို စမ်းသပ်ကာလဆဲမှာ သီချင်းတွေကို သီးသန့်ထုတ်လွှင့်ပေးခဲ့ပါတယ်။ ၂၅၀ ယောက်အတွက်ပဲ ၀ယ်ယူထားတဲ့ လှိုင်းအသစ်ဟာ ၁၉၁ ထိကို ရောက်ခဲ့ပါတယ်။ Buddha FM ဟာ ဆက်လက်ပြီး Mobile/smart phone အတွက် application များ ရေးနေပါတယ်။ Buddha FM ကို Facebook ပေါ်မှာ နားဆင်မယ်ဆိုယင် ပုံမှာပြထားတဲ့အတိုင်း ဘယ်ဘက်ဆိုက်ဘားမှာ Buddha FM Radio Player ဆိုတာ ရှိပါတယ်။ ပထမဦးဆုံး Buddha FM Fan Page ကို သွားပါ။ မိမိအကောင့်ကို ၀င်ပါ။ လိပ်စာကတော့ http://www.facebook.com/buddhafm.radio ဖြစ်ပါတယ်။ နောက်တစ်ခုက မိမိအကောင့်ကို မ၀င်ပဲနဲ့လည်း တိုက်ရိုက်လင့်နဲ့ နားဆင်နိုင်ပါတယ်။ လိပ်စာကတော့ http://www.facebook.com/buddhafm.radio?sk=app_246130498771989 ဖြစ်ပါတယ်။
အားလုံးကို ကျေးဇူးတင်လျက်၊
အရှင်မေတ္တစာရ
|
|
Last Updated on Tuesday, 27 December 2011 20:57 |
|
|
|
|
<< Start < Prev 1 2 Next > End >>
|
|
Page 1 of 2 |