Welcome to Buddha FM
Buddha FM ရဲ့ နောက်ထပ်နည်းပညာအသစ်ကို မိတ်ဆက် PDF Print E-mail
Written by Administrator   
Tuesday, 27 December 2011 20:11

ပုံ (၁)


ပုံ (၂)



Buddha FM ရဲ့ နောက်ထပ် နည်းပညာအသစ်ကို စတင် မိတ်ဆက်လိုက်ပါပြီ။ အဲ့ဒါကတော့ Buddha FM Radio HD Box ဖြစ်ပါတယ်။ ဒီတစ်ခါတော့ အသံလွှင့်နေသူရဲ့ရုပ်ရောပါ မြင်ရမှာပါ။ ပြီးတော့ auto sound request system ပြုလုပ်ထားပါတယ်။ အားလုံးကို အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အစမ်းအနေနဲ့ www.buddhafm.tv မှာ စတင်အသုံးပြုထားပါပြီ။ Beta အဆင့်ပဲ ရှိပါသေးတယ်။ မကြာမှီ ရက်ပိုင်းအတွင်းမှာ တရားဝင်ကြေညာသွားပါမယ်။ ကျေးဇူးတင်ပါတယ်။

အရှင်မေတ္တာစာရ

 

 

Buddha FM ရဲ့ ၀က်ဆိုက်အသစ်နဲ့ App တချို့ကို မိတ်ဆက်ပါပြီ

 

Buddha FM App ကို တရားဝင်ကြေညာလိုက်ပါပြီ။ အခုအချိန်ကစပြီး Buddha FM ကို Facebook မှာ တိုက်ရိုက် နားဆင်နိုင်ကြပါပြီ။ Facebook ကို Sign In မလုပ်ပဲ တိုက်ရိုက်လင့်နဲ့လည်း နားဆင်နိုင်သလို Sign In လုပ်ပြီးလဲ နားဆင်နိုင်ပါပြီ။ Buddha FM ဟာ အခုဆိုယင် ၀က်ဆိုက်အသစ်ကိုလည်း လွှင့်တင်လိုက်ပါပြီ။ လိပ်စာကတော့ www.buddhafm.tv ဖြစ်ပါတယ်။ မည်သည့် Software မှ အင်စတောလုပ်စရာမလိုပဲ Buddha FM ကို နားဆင်နိုင်ကြတော့မှာပါ။ လက်ရှိ Buddha FM လိုင်း ၃ လှိုင်း ရှိပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် အသံလွှင့်သူနည်းပါးလာယင် Auto DJ လုပ်ဖို့ တစ်လှိုင်း ၀ယ်ယူထားသလို။ ကျန် ၂ လှိုင်းကို ပုံမှန်အတိုင်း ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။ Buddha FM ဟာ ဆက်လက်ပြီး အိပ်မက်တွေ စိတ်ကူးတွေနဲ့ ပြည့်နေပါတယ်။ အဲ့ဒါတွေကတော့ မကြာမှီ auto song request system ကို အသုံးပြုသွားမှာ ဖြစ်သလို Buddha FM ကို Tricaster ၀ယ်ယူပြီးယင် တိုက်ရိုက်တီဗီ ထုတ်လွှင့်ပေးနိုင်အောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ၂၁ ရာစုရဲ့ အနာဂါတ် နှစ် ၂၀ အတွင်း မှာ မည်သူမှ ရေဒီယိုစက်တွေ၊ တယ်လီဗီးရှင်းစက်တွေ ကို အသုံးပြုကြတော့မှာ မဟုတ်ပါဘူး။ အင်တာနက်ကွန်နက်ရှင်းနဲ့ မိုဘိုင်းဖုန်းတစ်လုံးရှိယင် အရာရာ ဖန်တီးနိုင်တဲ့ ခေတ်ကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် Buddha FM က တဖြည်းဖြည်းနဲ့ ဦးတည်ရာကို အရောက်သွားနေမှာ ဖြစ်ပါတယ်။ Buddha FM ဟာ သီချင်း ရေဒီယိုဆိုက်တွေယှဉ်လိုက်ယင်တော့ စက္ကန့်တွင်း နားဆင်သူဦးရေဟာ ရာဂဏာန်းကို မရောက် ရှိသေးပါဘူး။ ပုထုဇဉ်လူသားပီပီ မကောင်းမှုတွေမှာ ပျော်မွေ့ကြတာကတော့ ဓမ္မတာပါပဲ။ ဒါပေမယ့် အခု ရက်ပိုင်း ပလေယာအသစ်နဲ့ ၀က်ဆိုက်အသစ်ကို စမ်းသပ်ကာလဆဲမှာ သီချင်းတွေကို သီးသန့်ထုတ်လွှင့်ပေးခဲ့ပါတယ်။ ၂၅၀ ယောက်အတွက်ပဲ ၀ယ်ယူထားတဲ့ လှိုင်းအသစ်ဟာ ၁၉၁ ထိကို ရောက်ခဲ့ပါတယ်။ Buddha FM ဟာ ဆက်လက်ပြီး Mobile/Smart Phone တွေအတွက် Application များ ရေးနေပါတယ်။
Buddha FM ကို Facebook ပေါ်မှာ နားဆင်မယ်ဆိုယင် ပုံမှာပြထားတဲ့အတိုင်း ဘယ်ဘက်ဆိုက်ဘားမှာ Buddha FM Radio Player ဆိုတာ ရှိပါတယ်။ ပထမဦးဆုံး Buddha FM Fan Page ကို သွားပါ။ မိမိအကောင့်ကို ၀င်ပါ။ လိပ်စာကတော့ http://www.facebook.com/buddhafm.radio ဖြစ်ပါတယ်။ နောက်တစ်ခုက မိမိအကောင့်ကို မ၀င်ပဲနဲ့လည်း တိုက်ရိုက်လင့်နဲ့ နားဆင်နိုင်ပါတယ်။ လိပ်စာကတော့ http://www.facebook.com/buddhafm.radio?sk=app_246130498771989 ဖြစ်ပါတယ်။


အားလုံးကို ကျေးဇူးတင်လျက်၊

အရှင်မေတ္တစာရ

Last Updated on Tuesday, 27 December 2011 20:56